♥ကြယ်ရောင် အလွမ်း♥

တစ်စစီ ပြန့်ကျဲနေတဲ့.
တိမ်စိုင်တိမ်ခဲတွေကြား.
လမင်း တစ်စင်း...
ပေါ်လိုက်ပျောက်လိုက်နဲ့.
တမင်ရှောင်ပုန်းနေတာလားကွယ်...။

နေရောင်မမြင်လို့
လမင်း အလင်းနဲ့
အချစ်တေးတစ်ပုဒ်ကို
သီကျူးမယ်ကြံကာမှ
ည အလှက မည်းမှောင်နေပါလားဟာ.....


ဖြတ်သန်းလာတဲ့ ဘ၀က
ပျော်ရွှင်စရာ မကောင်းမှန်းသိပေမယ့်
နင့်ကို....ငါ ချစ်တဲ့စိတ်ကြောင့်
ကြယ်ရောင်နဲ့ လွမ်းနေတုန်းပါ....ချစ်သူ..။

♥သူသိပါစေ♥

 
ဦးတည်ချက်မရှိတဲ့လွမ်းဆွတ်မူနဲ့အတူ..
ညတိုင်း...နင့်ကိုရော်ရမ်းမှန်းမျှော်နေမိတယ်သိလား.
ဘယ်သူမှမသိနိုင်တဲ့နှလုံးသားထဲချစ်ခြင်းကို.ငါ.
နင်မြင်နိုင်အောင်လှစ်ဟပြခဲ့ပေမယ့်..ဥပေက္ခာပြု.
မသိသလိုနေခဲ့တဲ့နင့်ကိုအကြင်နာမဲ့လွန်းတယ်လို့မပြောရက်ပေမယ့်..

ရက်စက်တယ်လို့.ညင်သာစွာစွပ်စွဲခွင့်ပြုပါနော်........
အချိန်ရာသီစက်ဝန်းတွေဘယ်လိုပြောင်းပြောင်း
ငါ့နှလုံးသားပလ္လင်ထက်ကတင်မြှောက်ထားတဲ့
နင့်အတွက်နေရာတစ်ခုတော့ဒီချိန်ထိမပြောင်းလဲနိုင်သေးဘူး.
ရင်ခွင်ဟောင်းဟောင်း.နေရာပြောင်းပြောင်း..ဘယ်သောအခါမှ
မပြောင်းလဲနိုင်တဲ့သစ္စာတရားနဲ့အတူ.နင့်ကိုပြောနေမယ်.
ငါသိပ်ချစ်တယ်...ချစ်သူ..။

♥ တန်ဖိုး VS တန်ကြေး ♥


ပန်းကောင်းတစ်ပွင့်ကို
 နွားချေးပုံပေါ်မှာ ထိုးထားရင်
 ဘယ်လိုလုပ်ပြီး တန်ဖိုး ရှိမှာလဲ.။
 အဲ့ဒီလိုပဲ....
တန်ဖိုး ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ.
 Night Club ရဲ့ အရောင်စုံ Lighting အောက်မှာ
 စိတ်လွတ်ကိုယ်လွတ်ပျော်ပါးပြီး
 အချိန်မတော်မှ အိမ်ပြန်ရောက်လာရင်
 တန်ဖိုး ရှိတဲ့ မိန်းကလေးမဟုတ်ပဲ...
တန်ကြေး ရှိတဲ့ မိန်းကလေး တစ်ယောက်ဖြစ်သွားမှာပေါ့
 ညီမလေးရယ်..........